ပြင်စလူ မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် (Youth Club)အဖွဲ့ဝင်များဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၁၁)နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်အိအိမွန်က အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ ပြန်/ဆက် ပြည်သူ့စာကြည့်တိုက်များတွင် စာအုပ် စာစောင်များ အခမဲ့ငှားရမ်း ဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပေးရခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် (Youth Club)အဖွဲ့ဝင် (၁၅)ဦးက မိမိကြိုက်နှစ်ရာ စာအုပ်များထဲမှ ခေါင်းစဉ်အချို့နှင့် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့သည့် လူငယ်များကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယောဧရာ(ပြန်/ဆက်)