လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး၊ ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ

လှိုင်သာယာ( အနောက်ပိုင်း) မေ ၁၁

ရန်ကုန်မြောက်ပိုင်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၁၁)ရပ်ကွက်တွင် ယနေ့နံနက်(၉)နာရီ အချိန်ကစတင်ပြီး မြခွါညိုလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အသက်(၉)နှစ်နှင့် (၁၀)နှစ်အရွယ် မိန်းကလေးများအား သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးနှံပေးခြင်း၊ အသက်(၂)လမှ အသက်(၂)နှစ်အထိ ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှ ထိုးနှံရခြင်းမရှိသေးသူများအား လိုက်လံမေးမြန်းပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဒေသန္တရ ကျန်းမာရေးဌာနက သူနာပြုဆရာမများဖြစ်သော ဒေါ်မီမီထွေး၊ ဒေါ်မိုမိုအောင်၊ဒေါ်ကေခိုင်ဂျူးနှင့် ကြီးကြပ်(၂)ဦးဟိန်းသူရိန်တို့မှ ဆောင်ရွက်ပေးခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဦးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ စေတနာ့ဝန်ထမ်းများ အင်အား(၁၅)ဦးတို့မှ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သိနိးသိန်း(လှိုင်သာယာအနောက်ပိုင်း)