လှည်းကူး မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပဉ္စမတန်း သင်ရိုးသစ်ကို သင်ကြားနိုင်ရန်နှင့် မူလတန်းကိုခြုံငုံပြီး အလယ်တန်းကိုလေ့လာချိတ်ဆက်နိုင်စေရန်အတွက် GRADE-5 သင်ရိုးသစ် ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက်(၉)နာရီက လှည်းကူးမြို့နယ်အခြေခံပညာအထက်တန်းကျောင်းတွင် လမ်းညွှန်ချက်များနှင့်အညီ ဆင့်ပွားသင်တန်းကိုဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်သိန်းရွှေက ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် ကလေးများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများမြင့်မားရေးကို ဦးတည်ပြီး (Grade-5) သင်ရိုးသစ်ကို ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ကလေးများအတွက် အရည်အသွေး အာမခံမှုရှိသော ပညာရေးစနစ်ကို အကောင်အထည်ဖော်ရာတွင် ယခု(Grade-5)သင်ရိုးသစ် ဆင့်ပွားသင်တန်းကို တက်ရောက်ကြသည့်ဆရာ၊ ဆရာမများအနေဖြင့်သင်ရိုးညွှန်းတမ်းကို ပိုင်နိုင်စေရန်သင်တန်းကာလအတွင်း ကြိုးစားဆည်းပူးလေ့လာ ဆောင်ရွက်ကြရန် ပြောကြားသည်။
အဆိုပါ သင်တန်းတွင် နည်းပြသင်တန်းသား(၁၂၁)ဦး၊ သင်တန်းသူ(၆၉၄)ဦး စုစုပေါင်း (၈၁၅)ဦး တက်ရောက်သင်ကြားပြီး သင်တန်းကာလမှာ ၁၀-၅-၂၀၂၂ မှ ၁၃-၅-၂၀၂၂ ရက်နေ့အထိ (၄) ရက်တာဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတွင်သင်တန်းသား၊ သင်တန်းသူများအား GRADE-5 သင်ရိုးသစ်လက်စွဲစာအုပ်မှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့်ပြည်သူ့နီတိဘာသာရပ်များအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)