ရွှေပြည်သာ မေ ၁၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၏စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် အခြေခံ စားသောက်ကုန်များကို ယမန်နေ့ နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ် အမှတ် (၂၃) ရပ်ကွက်၌ လာရောက်ရောင်းချ ပေးလျက်ရှိကြောင်း သိရ သည်။
ထိုသို့ ရောင်ချပေးရာတွင် ဆန်ချော (၁) ပြည် ၁၇၀၀ ကျပ် ဆန်ကြမ်း (၁) ပြည် ၁၀၀၀ ကျပ် ဆီ (၅၀ ) ကျပ်သား တဗူးလျှင်၂၇၀၀ ကျပ် ကြက်ဥ ၁၀ လုံး ကတ် (၁) လျှင် ၁၅၀၀ ကျပ်တို့ဖြင့် ရပ်ကွက်နေပြည်သူများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဈေးရောင်းချရာတွင် အဆင်ပြေချောမွေ့စေရန်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း( ရွှေပြည်သာ)