မိုင်းတုံ မေ ၁၁
ကျေးရွာစာကြည့်တိုက်များ ရှင်သန်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်နှင့် ဝန်ထမ်းများက မဲကင်ကျေးရွာအုပ်စုရှိ သုတပညာစာကြည့်တိုက်၊ အလင်းရောင်စာကြည့်တိုက်၊ ဝမ်နားကျေးရွာရှိ ရတနာသိုက်စာကြည့်တိုက်နှင့် ဖာချယ်ကျေးရွာရှိ လင်းရောင်ချယ်စာကြည့်တိုက်များသို့ ကွင်းဆင်း၍ စာကြည့်တိုက်များ ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေး၊ အဆောက်အဦပြန်လည်မွန်းမံရမည့် နေရာများရှိက ပြန်လည်မွန်းမံနိုင်ရေး စာကြည့်တိုက်အတွင်းလေဝင်လေထွက် ကောင်းမွန်စေရန် ပြတင်းတံခါးများ ဖွင့်ထားရေး၊ စာအုပ်စာစောင်များ ပျောက်ဆုံးပျက်စီးမှုမရှိစေရေး၊ သုတ၊ ရသ စာအုပ်များ အသစ်ထပ်မံ ဖြည့်တင်းနိုင်ရေးနှင့် ကျေးရွာစာကြည့်တိုက်များ သန့်ရှင်းသာယာ လှပရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)