သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သာပေါင်း မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်ဌာန ဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ပြည်အေးခန်းမ၌ ကျင်းပ ခဲ့သည်။
‌ဒေသဖွံ့ ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်ကျော်သိန်းနှင့် အဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာများအပတ်စဉ်(၁၅)ရက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် လုံခြုံရေး ကိစ္စဆောင်ရွက်ရန်၊ စိုက်ဧကလျော့နည်းသည့်ကိစ္စ၊ ရိုးပြတ်ကျန်ဧက မရှိရေးစိုက်စွမ်း အားမြင့်မားရေး ကြိုတင် ပြင် ဆင်ဆောင်ရွက်ရန်၊ သန့်ရှင်းရေးအပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်ရန်၊ လမ်းဘေးဝဲယာမြေဖို့၊ မြောင်းတူး၊ အခြားလုပ်ငန်းများ၊ ခွင့်ပြုချက်ရှိမရှိ ကွင်းဆင်းစစ် ဆေးတင်ပြရန်၊ ညောင်ရေသွန်း လောင်းပွဲ ပြုလုပ်ရန်နှင့်ထိုနေ့တွင် ဆွမ်းဆန်စိမ်း၊ ဆီ၊ဆား၊ပဲလှူဒါန်းနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားပြီး လိုအပ်သည် များအသေးစိတ် ဆွေးနွေးပေါင်းစပ် ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)