သံဖြူဇရပ် မေ ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ပန်းအလှထိုးနည်းသင်တန်းကို မေ၁၁ရက်နေ့နံနက်၁၁နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသီက နွေရာသီကာလ အမျိုးသမီးများလက်မှုအတတ်ပညာနှင့် အိမ်တွင်းအလှဆင်ယင်တတ်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အသင်းဝင်နှစ်ဦးက နည်းပြအဖြစ် ပန်းအလှထိုးပုံများ၊ အရောင်အသွေးတွဲစပ်ပုံ၊ ပွဲထိုင်သုံးပန်းအလှထိုးနည်းနှင့် အိမ်တွင်းစားပွဲတင် ပန်းအလှထိုးနည်းများကို တစ်ရာတာသင်ကြားပြသသွားမည်ဖြစ်ရာ မြို့နယ်အတွင်း စိတ်ပါဝင်စားသူ အမျိုးသမီးငယ်သင်တန်းသူ( ၃၅ )ဦး တက်ရောက်ကြကြောင်းသိရသည်။)
အေးအေးသီ(ပြန်/ဆက်)