ဖားကန့်မြို့နယ်အတွင်း (၂၀၂၁)ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူ ခဲ့ကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များအား စာအောင်ဆုနှင့် အောင်လက်မှတ်များ ဂုဏ်ပြုချီးမြှင့်ပူဇော်

ဖားကန့်  မေ  ၁၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်အတွင်းမှ (၂၀၂၁)ခုနှစ် ပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူခဲ့သော ရဟန်း၊ သာမဏေ၊ သီလရှင်များအား စာအောင် စုနှင့် အောင်လက်မှတ်များ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ မေလ (၁၁)ရက်နေ့ နံနက်(၉)နာရီက သီရိမင်္ဂလာမဏိဇေယျုံကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တကဝိသာရထံမှ ငါးပါးသီလခံ ယူဆောက် တည်ကာ ရှေ့တန်းအမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်မှ တပ်မမှူးဗိုလ်မှူးချုပ် ဝင်းကျော်သူမှ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆပ်ကပ် လှူဒါန်း ခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်မှ သာသနာရေးဆိုင်ရာများ ကိစ္စရရပ်များအား လျှောက်ထားခဲ့ပြီးနောက် (၂၀၂၁)ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆို အောင်မြင်တော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆပ်ကပ်ချီးမြှင့် ခဲ့ကြောင်းသိရသည်။

အဆိုပါ (၂၀၂၁)ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖားကန့်မြို့နယ် အတွင်းမှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၃၁)ပါး ဖြေဆိုအောင်မြင်ခဲ့ကြောင်း မြို့နယ်သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။

မိုးသန္တာဦး(ပြန်/ဆက်)