အစိုးရစက်မှု လက်မှုသိပ္ပံ(ခန္တီး) ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ခန္တီး မေ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့နံနက် (၈)နာရီအချိန်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံတပ်မတော်သားများ၊ ကျောင်းရှိ ဆရာ/ဆရာမများ ပူးပေါင်းကာ အစိုးရစက်မှု လက်မှုသိပ္ပံ(ခန္တီး)ကျောင်းဝန်းအတွင်းရှိ ပေါင်းမြက်ပင်များအား စုပေါင်း ရှင်းလင်းခဲ့ကြသည်။

အဆိုပါ သန့်ရှင်းရေးပြုလုပ်ရာနေရာသို့ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးသက်ထူးစံ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ဦးဆွေတို့က သွားရောက်ကြီးကြပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)