ရေနံချောင်းတက္ကသိုလ်တွင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့အေးချမ်းသာယာစွာ ကျောင်းတက်နိုင်ရေး အတွက် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရေနံချောင်း မေ ၁၂

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရေနံချောင်းတက္ကသိုလ်တွင်   မေ ၁၂ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ပုံမှန်ပညာသင်နှစ် နှစ်ဝက်ကာလအတိုင်း ပြန်လည်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်သဖြင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့ အေးချမ်းသာယာစွာ  ကျောင်းတက်နိုင်ရေးအတွက် တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်ရေး၊ စာသင်ခန်းများ သန့်ရှင်းသပ်ရပ်ရေး၊ တက္ကသိုလ်စာကြည့်တိုက် အတွင်း၊ အပြင်သန့်ရှင်းရေးနှင့် ကျောင်းပတ်ဝန်ကျင် သန့်ရှင်းသာယာလှပရေးတို့ကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခမရ (၇၇)မှ ဗိုလ်မှူးဦးဆောင်သော အရာရှိစစ်သည်များ၊ တပ်မတော်သားများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ဒုတိယမြို့နယ် ရဲမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ခံများနှင့် ဝန်ထမ်းများက ရေနံချောင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ ဒုတိယပါမောက္ခချုပ်နှင့် သင်ကြား/စီမံ ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ဝန်ထမ်းများနှင့်အတူ စုစုပေါင်းအင်အား (၄၀၀) ဦးတို့က ယမန်နေ့ နေ့လည် (၃)နာရီအချိန်မှ စတင်ကာ ညနေ(၅)နာရီ အချိန်ထိ  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြရာတွင် ရေနံချောင်းတက္ကသိုလ်မှ တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ကြသူများကို အချိုရည်များ၊ မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။

ငြိမ်းငြိမ်းအိ