တောင်ဥက္ကလာပမြို့နယ် လူထုအ‌ခြေပြု ဗဟိုဌာန (Community Centre) ၌ လူငယ်နှင့် အနာဂတ် ဟောပြောပွဲ ကျင်းပ

တောင်ဥက္ကလာပ မေ ၁၂

ရန်ကုန်တိုင်း‌ဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်နှင့် အနာဂတ်ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံဖြိုးရေး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန်၊ လှပသောအနာဂတ်ကို ရရှိပိုင်ဆိုင်စေရန်အတွက်‌ လူငယ်နှင့်အနာဂတ် ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုက‌ ပြောကြားခဲ့ပြီး စာအုပ်စာ‌ပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်၊ မြို့နယ်စာ‌ရေးဆရာအသင်းမှ စာ‌ရေးဆရာမ‌‌မြမဥ္ဇူ‌ဝေ (ကျုံမငေး) မှ လူငယ်ဆိုတာ တိုင်းပြည်ရဲ့အနာဂတ်အတွက် အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်၍ ယခုအရွယ်မှစပြီး ဗလငါးတန်နှင့် ပြည့်စုံနေအောင်နိုင်ငံနှင့် လူမျိုးကိုချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင်အသိပညာ၊ အတတ်ပညာများကိုများများ လေ့လာဆည်ပူးကြရန် အသိပညာဗဟုသုတရရှိ‌စေရေး အကျယ်တဝင့်ဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲသို့ စာအုပ်စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာပါသူ လူငယ်လူရွယ်လေးများ တက်‌ရောက်ခဲ့ပြီး လူငယ်နှင့်အနာဂတ် ဟောပြောပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များ နှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)