သံတောင်ဒေသတွင် မိုးရာသွန်းမှုကြောင့် ရော်ဘာအစေးလှီးခြင်းလုပ်ငန်း ရပ်နားထား

သံတောင်ကြီး  မေ  ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ဒေသရှိ ရော်ဘာစိုက်ပျိုးသောတောင်သူအချို့ ယခုအခါ အစေးလှီးခြင်းနှင့်ရော်ဘာပြားများ ထုတ်လုပ်ခြင်းလုပ်ငန်း ခေတ္တရပ်းနားလျက်ရှိကြောင်းသိရသည်။ ယခင်လများက ရော်ဘာအစေးလှီးခြင်းလုပ်ငန်း ပုံမှန်လုပ်ကိုင်လျက်ရှိပြီး  ရော်ဘာတစ်ပေါင်လျှင်အရည် အသွေးပေါ်မူတည်၍ ကျပ် (၁၀၀၀)မှ(၁၁၀၀)ကျပ်ထိရရှိကြောင်း သိရသည်။

ယခုမေလဆန်း၌ပင်  မိုးရွာသွန်းခြင်းကြောင့် ရော်ဘာဈေးနှုန်း အနည်းငယ်ကျဆင်းသွား၍  ရော်ဘာစိုက်ပျိုးသူတောင်သူများအနေဖြင့်  ရော်ဘာပင်များ  ပျက်ဆီးခြင်းမရှိစေရန်အတွက် ရော်ဘာအစေးလှီးခြင်းလုပ်ငန်း ခေတ္တရပ်နားထားကြောင်း၊ မိုးရွာသွန်းခြင်းမရှိတော့ပါမှ ရော်ဘာအစေးလှီးခြင်းလုပ်ငန်းပြန်လည်လုပ်ကိုင်ကြမည်ဖြစ်ကြောင်း ရော်ဘာစိုက်ပျိုးသူ  တောင်သူတစ်ဦးထံမှ  သိရသည်။   

 နီလာအေး(သံတောင်ကြီး)