ကျောက်တံတားမြို့နယ်အတွင်း အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးများ ဆက်လက်ထိုးနှံပေး

ကျောက်တံတား   မေ  ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိစေရေးအတွက် ကျောက်တံတားမြို့နယ် (၃၅)လမ်းထိပ်ရှိ ဓမ္မရံသီဓမ္မာရုံ၌ ယနေ့နံနက် (၁၀:၀၀)နာရီအချိန် က ကွင်းဆင်း၍ အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ထိုးနှံပေးရာ Astra Zeneca First Dose ထိုးနှံသူ (၅၆)ဦး၊ Astra Zeneca Booster Dose ထိုးနှံသူ (၁၀၆)ဦး၊ စုစုပေါင်း (၁၆၂)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးနေမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်စိန်ကိုယ်တိုင် အနီးကပ်ကြီးကြပ်ပြီး ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်‌‌ခြေနီတပ်ဖွဲ့နှင့် ပရဟိတအဖွဲ့များမှ ကာကွယ်ဆေး ထိုးနှံရာတွင် မလိုလားအပ်သောပြဿနာများ မဖြစ်စေရေးအတွက် အပူချိန်တိုင်းပေးခြင်း၊သွေးပေါင်ချိန်ပေးခြင်းနှင့် ဆေးထိုးပြီးပါက နာရီဝက်ကြာ ခေတ္တနားစေခြင်းတို့ကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေဇင်ခိုင် (ပြန်/ဆက်)