ဒဂုံ မေ ၁၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် နွေရာသီပန်းချီ အခြေခံသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်။
အဆိုပါ သင်တန်းတွင် အခြေခံပန်းချီရေးဆွဲနည်း ပညာရပ်များကို ပန်းချီဆရာမ ဒေါ်ဝင်းဝင်းရွှေက စာတွေ့လက်တွေ့ရေးဆွဲ၍ သင်ကြားပြသ ပေးခဲ့သည်။ ယင်းသင်တန်းသို့ ပန်းချီဝါသနာပါသည့် ကျောင်းသား၊ ကျောင်းသူ (၁၅) ဦးတို့ တက်ရောက်သင်ကြားခဲ့ကြပြီး သင်တန်းကာလမှာ မေလ ၁၀ ရက်နေ့ မှ မေလ ၁၄ ရက်နေ့ထိ ၅ ရက်ကြာ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီထိပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မေသန္တာ ( ပြန်/ဆက်)