ရပ်စောက်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များငှားရမ်းပေး

ရပ်စောက် မေ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများစာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်အတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက‌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ စာအုပ်စာစောင်များငှားရမ်းပေးရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဝန်ထမ်း များနှင့် ဝန်ထမ်းမိသားစုများထံသို့ ယခင်ငှားရမ်းပေးထားသော စာအုပ်များပြန်လည် သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသစာအုပ်များကို အသစ်ပြန်လည် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို နေ့ရက်အလိုက် သွားရောက်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန်နှင့် အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်နေသူများ၊ စာကြည့်တိုက်သို့ စာအုပ်စာပေများ လာရောက်မငှားရမ်းနိုင်သူများအတွက် ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးရခြင်းဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)