ရေး မေ ၁၁
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ရပ်ကွက်/ကျေးရွာများအတွင်းရှိ အမျိုးသမီးငယ်လေးများ မိသားစုတစ်နိုင်တစ်ပိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ရပ်ရွာအခြေပြု ပန်းအလှပြင်သင်တန်းနှင့် မြန်မာအစားအစာမုန့်လုပ်နည်း သင်တန်းများကို ရေးမြို့နယ် အစင်ကျေးရွာနှင့် ဇီးဖြူသောင်ကျေးရွာတို့၌ ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်းသိရသည်။
အဆိုပါ သင်တန်းကို မော်လမြိုင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းတို့မှ နည်းပြဆရာမများမှလာရောက် သင်ကြားပို့ချပေးလျက်ရှိပြီး ဇီးဖြူသောင်ကျေးရွာ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၌ပြုလုပ်သည့် ပန်းအလှပြင်သင်တန်းတွင် ဘာသာရပ်(၆)ခုဖြစ်သည့် စားပွဲတင်ပန်း၊ လက်ကိုင်ပန်း၊ လက်ဆောင်ပန်းစီး၊ စကားပြောစင်ချိတ်ပန်း၊ လက်ဆောင်ပန်းခြင်းနှင့် Stand ပန်းထိုးနည်းများကို သင်တန်းသူ (၂၀)ဦးအားလည်းကောင်း၊ အစင်စံပြကျေးရွာ အစဉ်ကျေးရွာစာကြည့်၌ မြန်မာအစားအစာ မုန့်လုပ်နည်းသင်တန်းတွင် ရွှေကြည်၊ ကြက်ဥဟာလဝါ၊ ပဲရွှေကြည်ဆနွင်းမကင်း၊ ငှက်ပျောသီး ဟာလဝါ၊ ဂျုံဟာလဝါမုန့်နှင့် အိတုံမုန့်လုပ်နည်းများကို သင်တန်းသူ (၂၀)ဦးတို့အားလည်းကောင်း စုစုပေါင်း သင်တန်းသူ (၄၀)ဦးတို့အား (၇)ရက်ကြာ စာတွေ့၊ လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ် မြို့နယ်လူမှုဝန်ထမ်းရုံးမှ သိရသည်။
ရေး ပြန်/ဆက်