သတင်းများ

ပင်းတယမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး
May 17,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ ထယ်သွန်းကျေးရွာအုပ်စုတောင်သူများအား ၂၀၂၂ခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား ယမန်နေ့ (မေလ၁၆ရက်)နေ့ မှစ၍ ထုတ်ချေးပေးလျက်ရှိသည်။
အလုံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပ
May 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယ​နေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ အလုံမြို့နယ် အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြား​ပေးလျက်ရှိ​ကြောင်း သိရသည်။
ဘားအံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
May 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြှင့်မားပြီး စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် Mobile Library မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအရောက် စာအုပ်စာစောင်များ ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်တော်မြို့ မဟာမြတ်မုနိဘုရား တိုက်ပွဲရှောင်စခန်းမှ မီးဘေးသင့်ပြည်သူများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အသင်းခွဲမှ ထောက်ပံပစ္စည်းများပေးအပ်
May 17,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ သရက်တပင်ကျေးရွာအုပ်စု မဟာမြတ်မုနိဘုရား တိုက်ပွဲရှောင်စခန်းရှိ မီးဘေးဒုက္ခသည်များအား ယမန်နေ့ နေ့လည် ၁ နာရီအချိန်က မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မီးဘေးသင့်ပြည်သူများအား ထောက်ပံပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ ပထမအကြိမ် သက်ကြီးပူဇော်ပွဲကန်တော့ပွဲကျင်းပ
May 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ် တပ်ဖွဲ့ဝင်များအား ပထမအကြိမ် သက်ကြီးပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက  အဆိုပါမီးသတ်ဦးစီးဌာနတွင် ကျင်းပခဲ့သည်။
ကျောက်တန်းမြို့နယ် Community centre ခန်းမတွင် မိန်းမဝတ်ဘလောက်စ်အင်္ကျီ ညှပ်နည်းသင်တန်း ဖွင့်လှစ်
May 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမတွင် မိန်းမဝတ်ဘလောက်အင်္ကျီ ညှပ်နည်းသင်တန်းကို ယနေ့ နံနက် (၉) နာရီက ကျင်းပခဲ့သည်။
ဝေါမြို့၌ စားသုံးသူများ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (TalkShow ) ကျင်းပ
May 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပဲခူးခရိုင်၊ စားသုံးရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက စားသုံးသူများ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို မြို့နယ်လူထုအခြေပြု ဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပသည်။
လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမကော့မှူး၌ စာဖတ်ဝိုင်းကျင်းပ
May 17,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်၉နာရီက စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။