ကျိုက်ဒုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြတ်လေးလမ်း၌ (Box Culvert) တံတား(၁)စင်း ဆောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်
May 17,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ အများပြည်သူများနှင့်ယာဉ်များ ဖြတ်သန်းသွားလာရာတွင် အဆင်ပြေစေရေး၊ မိုးရာသီကာလ၌ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေအတွက် ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၂-၂၀၂၃) ခုဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ (၃.၉၀၀)ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့အမှတ်(၄)ရပ်ကွက်၊ မြတ်လေးလမ်း၌ (Box Culvert) တံတား(၁)စင်း ဆောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။