သတင်းများ

လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမကော့မှူး၌ စာဖတ်ဝိုင်းကျင်းပ
May 17,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်၉နာရီက စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် မြို့နယ်အဆင့် Grade 8 သင်ရိုးသစ် Face to Face ဆင့်ပွားသင်တန်း ဖွင့်လှစ်
May 17,2022
နိုင်ငံတော်မှ ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဆရာ၊ ဆရာမ များ၏ အခန်းကဏ္ဍသည် အဓိကသော့ချက်ဖြစ်သဖြင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ကျောက်တန်းမြို့နယ်ရှိ ကျောင်းများရှိ ဆရာ၊ ဆရာမများအား Grade 8 သင်ရိုးသစ်အား မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို မြို့မအခြေခံပညာ အလယ်တန်းကျောင်းတွင် ယမန်နေ့ နံနက် (၈) နာရီက စတင်ကာ ပို့ချပေးလျက်ရှိပါသည်။
ကြာအင်းဆိပ်ကြီးမြို့၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ စာဖတ်ဝိုင်းကျင်းပ
May 17,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအနေဖြင့် အသက် အရွယ်အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေး အခေါ်အမျှော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ညောင်ရွှေမြို့ (Community Centre)၌ အခြေခံစစ်တုရင်အားကစားနည်းသင်တန်း
May 17,2022
စစ်တုရင်အားကစားနည်းဖြင့် လူငယ်တို့၏ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူငယ် လူရွယ်များ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စစ်တုရင်ပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးခြင်းဖြင့် ယှဉ်ပြိုင်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန်၊ စစ်တုရင်အားကစားကို စိတ်ပါ ဝင်စားသူများ၊ ဝါသနာရှင်များ ပေါ်ထွက်လာစေရန်၊ စစ်တုရင်အားကစားသမား မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အခြေခံစစ်တုရင်ကစားနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို မေ(၁၆) ရက် နေ့လည်(၁၂)နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး
May 17,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ယနေ့နံနက် ၈ နာရီခွဲက သီရိမင်္ဂလာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် Grade -11(သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့် ဆွေးနွေးပွဲသို့ တက်ရောက်
May 17,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့် ဆွေးနွေးပွဲကို မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပန်းဟေဝန်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။
အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်း လက်တွေ့သရုပ်ပြသနည်း ကျင်းပ
May 17,2022
မန္တလေးခရိုင်၊ မဟာအောင်မြေ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်း ဒုတိယနေ့ လက်တွေ့သရုပ်ပြသနည်းကို နံနက်(၉:၃၀)နာရီအချိန်က ကျင်းပ‌ခဲ့ကြောင်း သိရ သည်။
ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတတ်မြင့်မားရေး အသိပညာပေး ဆွေးနွေး
May 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတတ်မြင့်မားရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့​ နေ့လယ်ပိုင်းက ဇရပ်လှအုပ်စု ဇရပ်လှကျေးရွာ၊ ရပ်သာအုပ်စု၊ ရပ်သာကျေးရွာ ဓမ္မာရုံတို့၌ ပြုလုပ်ခဲ့သည်။