ကျောက်တော်မြို့ မဟာမြတ်မုနိဘုရား တိုက်ပွဲရှောင်စခန်းမှ မီးဘေးသင့်ပြည်သူများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အသင်းခွဲမှ ထောက်ပံပစ္စည်းများပေးအပ်

ကျောက်တော် မေ ၁၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ သရက်တပင်ကျေးရွာအုပ်စု မဟာမြတ်မုနိဘုရား တိုက်ပွဲရှောင်စခန်းရှိ မီးဘေးဒုက္ခသည်များအား ယမန်နေ့ နေ့လည် ၁ နာရီအချိန်က မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မီးဘေးသင့်ပြည်သူများအား ထောက်ပံပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါမီး လောင်ကျွမ်းမှုကြောင့် လူနေအိမ်စုစုပေါင်း (၂၆၂)လုံး မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ပြီး  မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် ကျား(၅၀၂)ဦး မ(၅၇၁)ဦး စုစုပေါင်း (၁၀၇၃)ဦးတို့အတွက် မြန်မာနိုင်ငံကြက်နီအသင်းမှ ကျောက်တော်မြို့နယ် မဟာမြတ်မုနိ တိုက်ပွဲရှောင်စခန်း မီးဘေးသင့်အိမ်ထောင်စု (၂၆၂)စု၊ လူဦးရေ  (၁၀၇၃)ဦးအတွက် အိမ်ထောင်စုတစ်စုလျှင် ပစ္စည်း (၁၃)မျိုးပါ Family Kit (၁)ပုံးနှုန်းဖြင့် အိမ်ထောင်စု (၂၆၂)စုအတွက် Family Kit (၂၆၂) ပုံးအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့သည့် Family Kid (၂၆၂)ပုံး အား ကျောက်တော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးဘိုအောင်သိန်း ဦးဆောင်ပြီး စေတနာလုပ်အားရှင် တပ်ဖွဲ့ဝင်များမှ သွားရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရသည်

ခင်မောင်ထွန်း