သတင်းများ

တမူးမြို့တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အလှပြင်သင်တန်းဖွင့်လှစ်
May 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အလှပြင် သင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က တမူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းတုန်းမြို့နယ်တွင် နေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုး
May 17,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၌ ယနေ့နံနက် ၈ နာရီက မိုးကောင်းကျေးရွာနေ တောင်သူ(၈)ဦး၏ ယာမြေ ၈ ဧကတွင် ၂၀၂၂ မိုးနေကြာသီးနှံ (ဆင်းရွှေကြာ-၂) မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးရာ ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ဌေးမြင့်၊ ခရိုင်စိုက်ပျိုး‌ရေးဦးစီးမှူး ဦးမြင့်စိုးနှင့် မြို့နယ် လုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့  ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ရွှေတောင်မြို့နယ်တွင် ငှက်ပျောလျှော်တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်မှု သင်တန်းဆင်းပွဲကျင်းပ
May 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ငှက်ပျောလျှော်တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်မှု သင်တန်းဆင်းပွဲကို ကျင်းပခဲ့သည်။
မင်းလှမြို့၌ မဲစာရင်းမှန်ကန်မှုရှိစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုအား e-ID စနစ်ဖြင့် Data ဖြည့်သွင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
May 17,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မဲစာရင်းမှန်ကန်မှုရှိစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုအား e-ID စနစ်ဖြင့် Data ဖြည့်သွင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်း ဆောင်ရွက်လျက်ရှိရာ  အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီဇော်နှင့် အဖွဲ့ဝင်များက ယမန်နေ့ည‌နေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
ပုလောမြို့နယ် ၌ သင်ရိုးသစ် ( Grade-8) မြို့နယ်အဆင့် face to face သင်တန်း ဖွင့်လှစ်
May 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံ ပညာအလယ်တန်း အဆင့် သင်ရိုးသစ်(Grade-8) မြို့နယ်အဆင့် Face to Face Training ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အထက-၁ ပုလောတွင် စတင်ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အသိပညာပေး စာအုပ်စာစောင်/ နံရံကပ် စာစောင်နှင့် ဓာတ်ပုံပြပွဲများဆောင်ရွက်
May 17,2022
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ ညနေ(၃)နာရီအချိန် တွင် အသိပညာပေး စာအုပ်စာစောင်များ၊ သဘာဝဘေးအန္တရာယ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် Grade- 8 (သင်ရိုးသစ်) မြို့နယ်အဆင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်
May 17,2022
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ၊ Grad-8 (သင်ရိုးသစ်)မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့ အထကကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်၊
သံတောင်ကြီးမြို့နယ်တွင် လိုင်ချီးသီးများ ဈေးနှုန်းအနည်းငယ်ကျဆင်း
May 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊လက်ဖက်၊ ဒူးရင်း၊ ဒညင်းဖာလာပင်၊ ကွမ်းသီး၊ လိုင်ချီးစသည့်နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင်အသက်မွေးဝမ်းမှုအဖြင့် အဓိကစိုက်ပျိုး လုပ်ကိုင်လျက်ရှိရာ မေလပထမပတ်မှစတင်ပြီး လိုင်ချီးသီးများ ရင့်မှည့်ပြီဖြစ်သည့်အတွက် လိုင်ချီးစိုက် တောင်သူများအနေဖြင့် လိုင်ချီးသီများ ဆွတ်ခူးရောင်းချလျက်ရှိပြီး မေလတတိယပတ်တွင် လိုင်ချီးသီးများဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်း သိရသည်။