အလုံ မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ အလုံမြို့နယ် အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဆရာ၊ ဆရာမများအား Gread-8 သင်ရိုးသစ် သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့် အတွေးအခေါ်များကို နားလည်သဘောပေါက်စေရန်၊ Grade-8 ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ်များကို အသုံးချပုံများ သိရှိစေရန်နှင့် Grade-8 သင်ရိုးသစ် မွမ်းမံသင်တန်း၏ ယေဘုယျဦးတည်ချက်များနှင့် အဓိက ဦးတည်ချက်ကို နားလည် သဘောပေါက်စေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားခြင်းဖြစ်သည်။
သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ၊ စာရိတ္တနှင့် ပြည်သူ့နီတိနှင့် ကာယပညာ ဘာသာရပ်များကို သင်တန်းနည်း ဆရာ၊ ဆရာမ ၇ ဦးဖြင့် သင်တန်းသား ၂၄ ဦး ကို မေလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄နာရီအထိ ၃ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီးကြောင်း သတင်းရရှိသည်။
တင်တင်ချို