ကော့မှူး မေ ၁၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်၉နာရီက စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာခြည် စိမ့်ကအနာဂတ်လူငယ်များ အသက်အရွယ်အလိုက် ထူးချွန်ထက်မြတ်ပြီး အကျင့်စာရိတ္တကောင်းမွန်သော လူတော် လူကောင်းလေးများဖြစ်လာစေရန်၊မိမိတိုင်းပြည်အ ပေါ်ချစ်ခင်မြတ်နိုးစိတ်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ် ကိန်းအောင်းစေရန်နှင့် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်အသစ်များ ရရှိစေရေးနှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ Book Clubအသင်းမှအဖွဲ့ဝင်ဒေါ်ခင်အေးမူကစာ ရေးဆရာအောင်သင်းရေးသားသည့် “လူငယ် တွေအတွက် လူကြီးတွေရဲ့ပန္နက်နှင့် ဘဝအဓိဋ္ဌာန်” စာအုပ်မှအနာဂတ်ကို မကြောက်နဲ့ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးမြလင်းမှ ကိုယ်ကျင့်နဲ့ပညာ ခေါင်းစဉ်တို့ဖြင့်ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် Book Club အသင်းမှ အဖွဲ့ဝင် ဒေါ်ခင်အေးမူက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ