ကျောက်တန်းမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ ပထမအကြိမ် သက်ကြီးပူဇော်ပွဲကန်တော့ပွဲကျင်းပ

ကျောက်တန်း မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ် တပ်ဖွဲ့ဝင်များအား ပထမအကြိမ် သက်ကြီးပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက  အဆိုပါမီးသတ်ဦးစီးဌာနတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးအောင်ကျော်ဝင်းက ပထမအကြိမ်အနေဖြင့် သက်ကြီးပူဇော်ကန်တော့ပွဲကို စီစဉ်ကျင်းပပေးနိုင်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်းလည်း အစဉ်အလာမပျက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး နှစ်(၇၀)နှင့်အထက် အရန်မီးသတ် တပ်ဖွဲ့ဝင်(၄)ဦးတို့အား ပူဇော်ကန်တော့ခဲ့ကြသည်။

ထို့နောက်မီးသတ်ဦးစီးဌာနမှ သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုများအား နံနက်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်