ဝေါ မေ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပဲခူးခရိုင်၊ စားသုံးရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက စားသုံးသူများ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို မြို့နယ်လူထုအခြေပြု ဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးရာတွင် ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးမိုးအောင်က အသိပညာပေး ဆွေးနွေးပွဲ(Talk Show)များ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ခရိုင်စာသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးမြင့်က ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူကာကွယ်ရေး ဆောင်ရွက်ရာတွင် ကုန်ညွှန်းအမှတ်အသား ဥပဒေနှင့်အညီ ပြည့်စုံမှုရှိ၊မရှိ စီးပွားရေး လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခြင်း၊ စားသုံးသူအခွင့်အရေး (၈)ချက်ပါ အကြောင်းအရာများ၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များရဲ့တာဝန်များ၊ စားသုံးသူများ တောင်းဆိုနိုင်သည့်အခွင့်ရေးများ၊ နစ်နာသည့်စားသုံးသူများ တိုင်ကြားနိုင်မည့် အခြေအနေများနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်အညွန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ သိသင့်သိထိုက်သည်များ၊ စားသုံးသူများအား အကာအကွယ်ပေးမှု အစီအစဉ်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ပြည်သူများ သိရှိစေရန် အသိပညာပေး ဆွေးနွေးကြောင်း သိရသည်။
စိုးမိုး