ကျောက်တန်းမြို့နယ် Community centre ခန်းမတွင် မိန်းမဝတ်ဘလောက်စ်အင်္ကျီ ညှပ်နည်းသင်တန်း ဖွင့်လှစ်

ကျောက်တန်း မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမတွင် မိန်းမဝတ်ဘလောက်အင်္ကျီ ညှပ်နည်းသင်တန်းကို ယနေ့ နံနက် (၉) နာရီက  ကျင်းပခဲ့သည်။

မိန်းမဝတ်ဘလောက်စ်အင်္ကျီ ညှပ်နည်းသင်တန်းကို  သင်တန်းနည်းပြဆရာမ ဒေါ်သင်းသင်းငွေက အမျိုးသမီးအများစု ပေါ့ပါးလွယ်ဝယ်စွာ ဝတ်ဆင်ကြသည့်  ဘလောက်စ်အင်္ကျီ အခြေခံညှပ်နည်းအား ရှင်းလင်းပြောကြားရာတွင် ရင်အကျယ်၊ ပခုံးအကျယ်၊ခါးအကျယ်၊ ဂျိုင်းအကျယ်၊ လည်ပင်းပေါက် ရှေ့ခြမ်းအကျယ်၊ လည်ပင်းပေါက် နောက်ခြမ်းအကျယ်တို့ အချိုးကျပြုလုပ်ပုံတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး  မိန်းမဝတ် ဘလောက်စ်အင်္ကျီ ညှပ်နည်းအား သင်တန်းဆရာမမှ သင်တန်းသူများအား လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မိန်းမဝတ်ဘလောက်အင်္ကျီ  ညှပ်နည်းသင်တန်းကို   နည်းပြဆရာမ ဒေါ်သင်းသင်းငွေမှ (၁၇-၅-၂၀၂၂) ရက်နေ့မှ (၁၈-၅-၂၀၂၂)အထိ ၂ ရက်ကြာ လက်တွေ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်