ပုဇွန်တောင်မြို့နယ်၊ ပညာစီမံခန့်ခွဲမှုကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
May 19,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံး၏ လမ်းညွှန်ချက်ဖြင့် ပညာစီမံခန့်ခွဲမှု ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီက ယင်းမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းရှိ အင်အားသစ်ခန်းမတွင် ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မာမာအေးနှင့် ပညာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာ / ဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။