တောင်ကုတ် မေ ၁၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရန်နှင့် အခြေခံပညာ သင်ယူခွင့်ရရှိစေရန်အတွက် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို တောင်ကုတ်မြို့နယ် ပညာရေးမှူးရုံးရှေ့၌ ယနေ့နံနက်တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
မြေစိုက်ပိုစတာစိုက်ထူခြင်းကို တောင်ကုတ်မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက ်မြို့နယ်ပညာရေးမှူး ဦးထွန်းတင်နှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် မေလနောက်ဆုံးပတ်ကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၂ ခုနှစ်၊ မေလ(၂၆) ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးလုပ်ငန်းများကို လူထုလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လက်ထောက်မြို့နယ်ပညာရေးမှူး ဦးထွန်းတင်ထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်