မဟာအောင်မြေမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" အခမ်းအနားကျင်းပ

မဟာအောင်မြေ မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပညာရေးဝန်ကြီးဌာန၊  မြို့နယ်ပညာရေးမှူးရုံး၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့  ကျောင်းအပ်နှံကြပါစို့အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို မဟာအောင်မြေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူး ဦးဆွေလွင်အောင်၊ မြို့နယ်ပညာရေးမှူး ဦးလှမြင့်၊ ဒု-မြို့နယ်ပညာရေးမှူး (စီမံဘဏ္ဍာ)ဦးလွဏ်းဇေ၊ ဒု-မြို့နယ်ပညာရေးမှူး  (ပညာရေး)ဒေါ်အိအိဖြူ၊ဦးစီးအရာရှိ (စာရင်းအင်း)ဦးဇော်ဇော်ဦးနှင့် မူလတန်းကျောင်းအုပ်ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေး အားလုံးပညာသင်ယူခွင့်ရရှိ‌စေရန် ၂၀၂၂ ခုနှစ်၊မေလ(၂၆)ရက်နေ့မှစတင်၍ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးလှမြင့်ထံမှ သိရသည်။

အောင်ဇော်မင်း