သံတောင်ကြီးမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်

သံတောင်ကြီး မေ ၁၉

ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊  သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ကျောင်းသူ/ကျောင်းသားများအနေဖြင့် စာကြည်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်ချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန် ၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်၊ ၊ စာကြည့်တိုက်သို့လာရောက်သည့် အလေ့အထများဖြစ်စေရန်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများသိစေရန် စာဖတ်စွမ်းပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီ အချန်ကမြို့နယ်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူးနော်လော်မူက စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက် လက်ပြုလုပ်ရာ သံတောင်ကြီးမြို့၊ ရပ်ကွက်(၄)ရှိ ကျောင်းသူ/ကျောင်းသား(၁၂)ဦးက ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိ နော်လော်မူက အမှတ်တရလက်ဆောင်မျာပေးအပ်ခဲ့ကြောင်း သိရသည်။

စောမင်းသား(ပြန်/ဆက်)