ကျောက်ကြီးမြို့နယ်၌ “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ် စိုက်ထူ

ကျောက်ကြီး မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် သိမ်တန်းရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်တု အဝိုင်းအနီးတွင် မြို့နယ်ပညာရေးမှူးရုံးက ဦးဆောင်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၏ “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်အား ယနေ့နံနက် ၉ နာရီတွင် စိုက်ထူခဲ့သည်။

ပညာရေးဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးများ အားလုံး ပညာသင်ယူခွင့်ရရှိအောင် မေလ ၂၆ ရက်နေ့မှ စတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်၍ ကျောင်းအပ်နိုင်ပြီး ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင်လည်း နိုင်ငံတော်မှ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ တို့ကို အခမဲ့ ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

အဆိုပါ “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ တက်ရောက်ခဲ့သည်။

မြို့နယ်ပြန်/ဆက်