သတင်းများ

လပွတ္တာမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပွဲကျင်းပ
May 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
တကောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်၊ စာစောင်ပြပွဲ ကျင်းပပြုလုပ်
May 19,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ ၊ လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် ကျောင်းသား၊ လူငယ်များအား စာအုပ်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုလေ့လာလိုစိတ်များ မြှင့်မားလာစေရန်၊ စာကြည့် တိုက်နှင့် ရင်နှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ စာအုပ်၊ စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီက ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၁၉)နှစ်အောက် (၄)မြို့နယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ
May 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၁၉)နှစ်အောက် (၄)မြို့နယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ (၅)နာရီအချိန်က မအူပင်ခရိုင် ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပသည်။
မလှိုင်မြို့၌ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့”  မြေစိုက်ပိုစတာ ဖွင့်ပွဲအခမ်းအနားကျင်းပ
May 19,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူပွဲနှင့် ဖွင့်ပွဲကို ယနေ့နံနက် (၈)နာရီအချိန်က မလှိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်၊၊
စဉ့်ကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
May 19,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “အောင်မြင်ဖို့အချိန်”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ် မြို့မဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်/သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေး
May 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဆရာတော်/သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့မဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့နယ်တွင် ဂရန်အင်းနှင့်တင်ဒါငါးဖမ်းကွက်များ (ပထမအကြိမ်) လေလံတင်ရောင်းချ
May 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဂရန်အင်းနှင့် တင်ဒါငါးဖမ်းကွက်များ (ပထမအကြိမ်) လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 
ရေဖြူမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ် စိုက်ထူ
May 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်ကို ယနေ့နံနက် ၈ နာရီ အချိန်က ရေဖြူမြို့နယ် ပညာရေးမှူးရုံးအရှေ့၌ စိုက်ထူကြောင်း သိရသည်။