ကော့မှူးတွင် ဆန်၊ ဆီ၊ ကြက်ဥများ ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေး
May 19,2022
ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းသွားသည့် ကာလအတွင်းလည်း ပြည်သူများအမှန်တကယ်လိုအပ်သော အခြေခံစား သောက်ကုန်များ အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံဆန် စပါးကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် ယနေ့ နံနက် ၉ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေးနေကြောင်း သိရသည်။