သတင်းများ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဂုန်မင်းကျေးရွာ တောင်သူများနှင့်တွေ့ဆုံ
May 19,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်းအုပ်စုတောင်သူများနှင့် တွေ့ဆုံပွဲကို ဂုန်မင်းကျေးရွာ သာသနာ့ဇောတိက ကျောင်းတိုက်ဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
နမ့်ခမ်းမြို့၌ အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ကိုယ်ပိုင်ကျောင်းများရှိ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်သင်တန်း ဖွင့်လှစ်
May 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းသား/ကျောင်းသူများကို ပညာသင်ကြားပေးမည့် မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ကိုယ်ပိုင်ကျောင်းများရှိ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည် မြှင့်သင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က နမ့်ခမ်းမြို့၊  အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း သီရိရွှေရည်ခန်းမ၌  ကျင်းပခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 19,2022
 ရခိုင်ပြည်နယ် မောင်တောမြို့၌ သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ NGO အဖွဲ့များမှ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ ယနေ့ နံနက် ၈ နာရီက  ဌာနဆိုင်ရာရုံးများနှင့် နေအိမ်လိုင်းခန်းများအတွင်းရှိ နေအိမ်များသို့ သွားရောက်ကာ အဘိတ်ဆေးများခပ်ပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းများကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဗွီနိုင်း ဆိုင်းဘုတ်စိုက်ထူ
May 19,2022
တနင်္သာရီ‌တိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံးပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဗွီနိုင်းကို ယမန်နေ့ညနေ (၄) နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးအရှေ့၌ စိုက်ထူခဲ့ကြကြောင်း သိရသည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ
May 19,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
May 19,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ဆက်တိုက် ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ် အထက်ရှိပြီး၊ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံခြင်း ၆ လပြည့် ပြီးသည့် မြို့နယ်နေ ပြည်သူများအား ယနေ့ နံနက် ၉ နာရီမှစ၍ ခနောင်တို အရှေ့ ရပ်ကွက်ရှိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး(Booster Dose) ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ပဒုမပါရမီတောရတွင် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား
May 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ကံကြီးကျေးရွာအုပ်စု၊ ခြောက်ကောင်ကျေးရွာရှိ ပဒုမပါရမီတောရတွင် လူငယ်၊ လူရွယ်၊ ကျောင်းသား/ ကျောင်းသူများအား စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်မားစေရေးနှင့် ယဉ်ကျေးပျူငှာစွာ ပြောဆိုတတ်ကြစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို စတင်ဖွင့်လှစ် သင်ကြားခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
May 19,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်" ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။