ကျောက်ဆည်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးမြေစိုက်ပိုစတာစိုက်ထူ
May 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် အစိုးရအခြေခံပညာကျောင်းပေါင်း(၆၀၄)ကျောင်းရှိပြီး ခရိုင်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးအတွက် ကျောင်းသားမိဘများနှင့် အုပ်ထိန်းသူများသိရှိစေရန်အတွက် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူခြင်း အခမ်းအနားကို အေးမြကြည်လင်ရပ်ကွက်၊ မြို့ပတ်လမ်းဘေး၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ရှေ့တွင် စိုက်ထူပေးခဲ့ကြောင်း သိရှိရသည်။