ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဝါသနာတူ ကလပ်အသင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
May 19,2022
ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ဗဟုသုတများ ရရှိလာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်ခြားနိုင်စေရန် နှင့်အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီက ဝါသနာတူကလပ်အသင်းများစုစည်းပြီး စာရေးသူ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပညာပါရဂူ) ရေးသားထားသည့် “ကလေးတွေ ကျောင်းမှာ အောင်မြင်ဖို့နည်းလမ်းများ” စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။