သတင်းများ

ဗိုလ်တထောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းဖွင့်သည့်ရက်၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား
Jun 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယမန်နေ့နံနက်မှ စတင်၍ ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် အသက်(၅)နှစ်နှင့် အသက်(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသူ(၂၅၂၂)ဦးရှိ
Jun 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အသက်(၅)နှစ်နှင့် အသက်(၁၂)အတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ဇွန် ၂ ရက် နံနက် ၉ နာရီက သတ်မှတ်ထားသော နေရာများ၌ ဆေးထိုးအဖွဲ့များဖြင့် ကျောင်းသား၊ကျောင်းသူ(၂၅၂၂)ဦးတို့ကို ကာကွယ်ဆေးထိုးနှံ ပေးနိုင်ခဲ့ကြောင်း သိရသည်။
ခန္တီးမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်းများကို ယမန်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တည်ငြိမ်အေးချမ်းစွာ ပညာသင်ယူလျက်ရှိကြောင်း သိရသည်။      
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအားကြည့်ရှုအားပေး
Jun 03,2022
ပြည်ထောင်စုနယ်၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် အေးချမ်းစွာတက်ရောက် ပညာသင်ကြားလျက်ရှိသည့် အသက်(၅)နှစ်မှအသက်(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်‌ထိုးနှံပေးလျက်ရှိရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်ကြည့်ရှု အားပေးခဲ့သည်။
ပေါက်တောမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) စတင်ထိုးနှံပေး
Jun 02,2022
“ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း  ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရမှ ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ
သထုံမြို့နယ်တွင် ဧက(၁၀၀) စံပြစိုက်ကွက်၌ မိုးစပါးစိုက်ပျိုးမည့် တောင်သူများထံ မျိုးသန့်မျိုးစပါးများ ထောက်ပံ့ပေးအပ်
Jun 02,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း မိုးစပါး တစ်ဧက တင်း(၁၀၀)အထက် ထွက်ရှိနိုင်‌အောင် ဆောင်ရွက်ကြမည့် ဧကပေါင်း(၁၀၀) စံပြစိုက်ကွက်တို့၌ မိုးစပါးစိုက်ပျိုးကြမည့် တောင်သူများထံ မျိုးသန့်မျိုးစပါးများကို ယနေ့ မွန်းလွဲပိုင်းက မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွား‌ရေးစင်တာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင် တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jun 02,2022
အားကစားကို စိတ်ပါဝင်စားပြီး လေ့ကျင့်လိုက်စားတဲ့ လူငယ်လူရွယ်မောင်မယ်များကို နိုင်ငံ့ ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများအဖြစ် အနာဂတ်ဘ၀ ခိုင်မာစေရန်နှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝနှင့်ပညာရေး၊ ကျန်းမာရေးစသည့် အဆင့် အတန်းများ မြင့်မားလာစေရန်အတွက် ပညာရည်ပြည့်ဝပြီး ကျန်းမာကြံ့ခိုင်တဲ့လူငယ် များ ပေါ်ထွက်လာစေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာသိပ္ပံ (မုံရွာ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းရှိ မိုးလုံလေလုံအားကစားခန်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)မှ နည်းပြဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး သိမ်တော်ကြီး-ကမော့ကစင် လမ်းအူကြောင်းသစ် ဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး
Jun 02,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဘားအံမြို့ရှောင်လမ်းနှင့် ဘားအံမြို့တွင်းသို့ ချိတ်ဆက်ဖောက် လုပ်နေသော သိမ်တော်ကြီး-ကမော့ကစင်လမ်းအူကြောင်းအသစ် ဖောက်လုပ်နေမှုအား ယမန်နေ့နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။