သတင်းများ

ပခုက္ကူမြို့၌  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ
Jun 01,2022
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ဝေသော ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဖန်ခါးမြေ လက်ကမ်းစာစောင်ကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝန်းအတွင်း အသက်(၁၈)နှစ်နှင့် အထက် ကိုဗစ်ရောဂါ ကာကွယ်လာရောက်ထိုးနှံကြသည့် ပြည်သူများထံ အခမဲ့ ဖြန့်ဝေကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးညှင်းခရိုင်အတွင်း တက္ကသိုလ်၊ ကောလိပ်များရှိ ပညာရေးဝန်ထမ်းများတွေ့ဆုံ၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် နေကြာစိုက်ဧက ၈၀၀၀ ကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် ညှိနှိုင်းဆွေးနွေး
Jun 01,2022
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ရှိ တက္ကသိုလ်၊ ကောလိပ်များမှ ပညာရေးဝန် ထမ်းများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရိုင်အတွင် နေကြာစိုက်ဧက ၈၀၀၀ ကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံညှိနှိုင်းခြင်းများကို မေ ၃၁ ရက် မွန်းလွဲပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင်  တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ခရမ်းသီးများ ဈေးကောင်းရရှိ
Jun 01,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကြူအိုင်ကျေးရွာတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ခရမ်းသီးပင်များ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။ 
မိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ မိုးရာသီဆီထွက်သီးနှံ‌ နေကြာမျိုးဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကျင်းပ
Jun 01,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့ ၃နာရီအချိန်က မိုင်းတုံမြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာနမှဦးစီး၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ မိုးရာသီ ဆီထွက်သီးနှံ နေကြာမျိုးဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ်၌  တစ်နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Jun 01,2022
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ တစ်နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အသက်(၅)နှစ်မှ(၁၂)နှစ်အောက်ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
Jun 01,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်၊ ဇွန်လ(၂) ရက်နေ့ ကျောင်းဖွင့်ရက်တွင် စတင်တက်ရောက်ပညာသင်ကြားမည့်  အသက်(၅)နှစ်မှ(၁၂)နှစ်အောက် အရွယ် ကျောင်းသား/ သူကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရန်အတွက်  နေရာကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် လျှပ်စစ်မီးကြိုးများပေါ် တွယ်ညိ‌‌နေသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေနုတ်မြောင်းများ ဆက်လက်တူးဖော်
Jun 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လျှပ်စစ် မီးကြိုးများပေါ်တွင် သစ်ပင်သစ်ကိုင်းများ တွယ်ညိနေသဖြင့် ယနေ့နံနက် ၉ နာရီအချိန်တွင် ခုတ်ထွင်ရှင်းလင်း ခဲ့ကြောင်းနှင့်‌ ‌ ရေနုတ်မြောင်းများ ဆက်လက်တူးဖော်လျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက်(၁) ထင်းရှူးမြိုင်အိမ်ရာအနီး ထင်းရှူးခင်းဧရိယာအတွင်း ယမန်နေ့နံနက်(၉)နာရီက အဆိုပါနေရာ၌ မိုးသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပကြောင်း သိရသည်။