သတင်းများ

တနင်္သာရီမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေး‌ လောင်စာဆီဖြန့်ဖြူးရောင်းချသူများနှင့် တွေ့ဆုံပွဲပြုလုပ်
Jun 03,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းမီးဘေးအန္တရာယ်ကင်းဝေးစေရေး‌အတွက် မြို့နယ်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လောင်စာဆီရောင်းချသူများနှင့် တွေ့ဆုံဆွေးနွေးပွဲယမန်နေ့မွန်းလွဲ ၁နာရီအ ချိန်က မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်မြို့ အ.ထ.က(၁)တွင် ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုကို လာရောက်ကြည့်ရှုအားပေး
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပုသိမ်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး၊ ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှု‌ကို လာရောက်ကြည့်ရှု အားပေးခဲ့‌ကြောင်း သိရသည်။
ဘူးသီးတောင်မြို့၌ အသက် (၅)နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းသား၊ သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (ပထမ)အကြိမ် ထိုးနှံ
Jun 03,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းတို့၌ အသက် ၅နှစ်မှ ၁၅နှစ် အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (ပထမ)အကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်ရှိ အခြေခံပညာကျောင်း များတွင် အသက်(၅)နှစ်နှင့် (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုနှင့် ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေး
Jun 03,2022
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေ၊ ကျန်းမာရေးဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်တို့သည် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊  ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး ပညာသင်ကြားနေလျက်ရှိရာ  ဇမ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၊
ကမမောင်းမြို့၌ အသက် (၅)နှစ်မှ (၁၂)အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေးများစတင်ထိုးနှံပေး
Jun 03,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ဇွန်လ(၂)ရက်နေ့မှစ၍ စာသင်ကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ကမမောင်းမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၏ ကြီးကြပ်မှုဖြင့် အခြေခံပညာကျောင်းများသို့ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက အသက်(၅)နှစ်မှ (၁၂)အထိကျောင်းသား၊ ကျောင်းသူများအားကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးမှု အစီအစဉ်များကို သတ်မှတ်စုရပ်ကျောင်းများအလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ငပုတောမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြား
Jun 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ယမန်နေ့ နံနက်ပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများသည် အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ယူလျက်ရှိသည်။
မောက်မယ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်
Jun 03,2022
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူရရှိရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ယမန်နေ့နံနက်ပိုင်းမှစ၍ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ ကျောင်းတက်နေပြီ ဖြစ်ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Jun 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန် ထမ်းဦးစီးဌာနမှ မြို့အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မဲသမူးကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို တာဝန်ရှိသူတို့က လက်ဝယ်အရောက်ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။