ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်နှင့် (၁၂)ကြား ကျောင်းသား/သူများအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jun 02,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၊ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်နှင့် (၁၂)ကြားရှိ ကျောင်းသား/သူများအား (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ ကျောင်းစုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ဖြိုးဝေအောင်နှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။