ခန္တီး ဇွန် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အခြေခံပညာကျောင်းများကို ယမန်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တည်ငြိမ်အေးချမ်းစွာ ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
ခန္တီးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၉၂)ကျောင်းရှိသည့်အနက် ယမန်နေ့အထိ ဖွင့်လှစ်သည့်ကျောင်းပေါင်း (၈၂)ကျောင်းရှိကာ ကျန်ရှိသည့်ကျောင်းများမှာ ဆက်လက် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်းနှင့် ယနေ့တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၆၅၆၅)ဦး တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း မြို့နယ်လက်ထောက်ပညာရေးမှူး ဦးဆေးရာထန်းထံမှ သိရသည်။
ခရိုင် (ပြန်/ဆက်)