ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၂ခုနှစ်  မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မဟာအောင်မြေ ဇွန် ၃

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုစု ပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကိုယနေ့နံနက်(၇)နာရီခွဲက လောကမဏိစူဠာဘုရားဝင်းမြေနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် မန္တလေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအရာရှိနှင့်ဝန်ထမ်းများ၊ NGO အသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင် များနှင့် ဒေသခံပြည်သူများ၊ ရပ်ကွက်အုပ်‌ရေးမှူးများ စုစုပေါင်း(၂၀၀)ဦးခန့်တက်ရောက်ကြပြီး ယင်းမာ(၅၂)ပင်၊ မဲဇလီ(၅၂)ပင်၊ကုက္ကို(၃၂)ပင်စိန်ပန်း(၄၆)ပင်၊ တမာ(၅၄)၊ ခရေ (၅၁)ပင် ၊မယ်ဇယ်(၅၂)ပင်၊ မ‌ဟော်ဂနီ(၃)ပင်၊ ငု‌ရွှေ(၃)ပင်၊ ပိ‌တောက်(၃)ပင်၊ ကျွန်း(၂)ပင်၊ လင်းလွန်း(၁)ပင် စုစုပေါင်းပျိုးပင်(၃၅၃)တို့အား သတ်မှတ်နေရာများတွင် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရန်တို့ကို ရည်ရွယ်၍ နှစ်စဉ်မိုးရာသီရောက်တိုင်း ဌာနဆိုင်ရာများ စုပေါင်း၍ သစ်ပင်စိုက်ပျိုးပွဲများကို အကောင်အထည် ဖော်စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း