သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

သင်္ဃန်းကျွန်း  ဇွန် 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအား ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယမန်နေ့တွင် တစ်ပြိုင်နက် ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ()ကျောင်း၊ အထက(ခွဲ)(၂) ကျောင်း၊ အလယ်တန်းကျောင်း(၅)ကျောင်း၊ မူလတန်းလွန်ကျောင်း(၅)ကျောင်း၊ မူလတန်းကျောင်း (၃၀)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း()ကျောင်း ပုဂ္ဂလိက စာသင်ကျောင်း(၁၃)ကျောင်းရှိပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ လာရောက်ကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ လုံခြုံရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမများ၊ မိဘ ဆရာအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များက ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသူ၊ ကျောင်းသားများက အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက် ရှိကြောင်း သတင်းရရှိပါသည်။

ခရိုင်ပြန်ဆက်