ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

ဒက္ခိဏသီရိ ဇွန် ၃

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းတွင် အခြေခံပညာကျောင်းများအားလုံး စတင်ဖွင့်လှစ်ခဲ့ရာ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်။

ဒက္ခိဏသီရိမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း(၃)ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)(၂)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(၅)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၃)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၉)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁)ကျောင်း စုစုပေါင်း(၂၅)ကျောင်း ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၇၁၀၈)ဦး ကျောင်းအပ်နှံကာ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိပြီး အသက်(၅)နှစ်နှင့် (၁၂)နှစ် အတွင်းရှိ မူလတန်းကျောင်းသား၊ ကျောင်းသူ(၃၆၁၂)ဦး၊  အလယ်တန်း ကျောင်းသား၊ ကျောင်းသူ (၈၅)ဦး၊  စုစုပေါင်း (၃၆၉၇)ဦး တို့ကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်/ပြန်ဆက်)