သနပ်ပင် ဇွန် ၃
၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအား ယမန်နေ့ဇွန်လ ၂ရက်နေ့က မြန်မာတစ်နိုင်ငံလုံးတွင် စတင်ဖွင့်လှစ်ရာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း အထက(၁၄)ကျောင်း၊ အ.ထ.က(ခွဲ)(၉)ကျောင်း၊ အ.လ.က(၁၄)ကျောင်း၊ အ.လ.က(ခွဲ)(၁၆) ကျောင်း၊ မူလွန်(၆၇)၊အ.မ.က(၃)ကျောင်း၊ နှင့် အ.မ.က(ခွဲ)(၁)ကျောင်း စုစုပေါင်း(၁၂၁) ကျောင်းမှ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသည်။
သနပ်ပင်မြို့နယ် ယခုနှစ်တွင်တန်းခွဲအလိုက် ကျောင်းအပ်နှံကြသူ ကျောင်းသား ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ ဖြန့်ဝေပေးသော အတန်းလိုက် ကျောင်းသုံး ပြဌာန်းစာအုပ်များနှင့် ကျောင်းသုံးစာရေးကိရိယာ ဗလာစာအုပ်များ ဘောပင်၊ ခဲတံများကို ကျောင်းအပ်ချိန်၌ ကျောင်းသားကျောင်းသူများအား အခမဲ့ပေးအပ်ခဲ့ပြီး သနပ်ပင်မြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းတက်ရာခိုင်နှုန်း(၉၉)% ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)