သပိတ်ကျင်း ဇွန် ၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာကျောင်းများကို ယမန်နေ့မှစတင်ဖွင့်လှစ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများအေးချမ်းစွာပညာသင်ကြားနေကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးအားလုံးပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/ကျောင်းသူကလေးငယ်များအေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိကျောင်းများအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီး ကျောင်းများတွင်လိုအပ်သည်များအားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
သပိတ်ကျင်းမြိုနယ်တွင် အခြေခံပညာကျောင်း(၁၁၇)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(၁၃)ကျောင်း စုစုပေါင်း (၁၃၀)ကျောင်းရှိပြီး ကျောင်းသား/ကျောင်းသူ (၁၃၆၀၃)ဦး အေးချမ်းစွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
စိုးနိုင်ဝင်း (သပိတ်ကျင်း)