သတင်းများ

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jun 14,2022
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့ရပ်ကွက်/ ကျေးရွာအုပ်စု/‌ကျေးရွာများရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများအား ကာကွယ်ဆေးထိုးနှံခွင့်ရှိသူ အကျုံးဝင်သူများအား တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး ပြည်သူများအားလုံးထိုးနှံနိုင်စေရေးအတွက် အလေးထားစီမံဆောင်ရွက်ပေးလျက်ရှိရာ ပထမဦးစား‌ပေးအဖြင့် အသက်(၁၈)နှစ်အထက် ရဟန်းသံဃာတော်များ သာသနာ့ဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များအား ထိုးနှံပေးခဲ့ပြီး ယင်းနောက် မိဘပြည်သူများနှင့် ကျောင်းနေအရွယ်ကလေးငယ်များအား စဉ်ဆက်မပြတ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းပန်မြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၈၀)ဦးအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Jun 14,2022
နိုင်ငံတော်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်အဖြစ် ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ယနေ့နံနက်ပိုင်းက သက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာတာဝန်ရှိသူတို့မှ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။     
မင်္ဂလာဒုံမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ စာအုပ်များ ခင်းကျင်းပြသ
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့၌ ၂၀၂၂ခု နှစ်၊ ဇွန်လ ၂၆ ရက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြသခြင်း၊ ပုံတူပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲတို့ကို ယနေ့ နံနက် (၉) နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ရာ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး လာရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြင်းခြံခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Jun 14,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာရေးဆရာ မှိုင်း(ဆေး-၂)၏ "ကိုယ်တိုင်လျှောက်သောလမ်း (နှလုံးသား အာဟာရစာစုများ)" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့၊ အလက(ခွဲ)၊ အမက(၅)ရှိအသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Jun 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ရှိ အသက် ၅ နှစ်မှ အသက် ၁၂ နှစ် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကျောက်မဲမြို့ အလက(ခွဲ) အမက (၅)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူပေါင်း ၁၅၅၆၆ ဦး‌ရှိကြောင်း၊ ယနေ့အထိ ကျောင်းသားကျောင်သူ ၄၆၆၀ ဦးအား ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း၊ ကျန်ကျောင်းများရှိ ကျောင်းသားကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်ကော်မတီမှ သိရသည်။
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာရေးဆရာခိုင်မင်း (နေပြည်တော်) ရေးသားထားသည့် “ပြိုကွဲစအသိုက်အမြုံများ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်
Jun 14,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက စာရေးဆရာခိုင်မင်း(နေပြည်တော်)ရေးသားထားသည့် “ပြိုကွဲစအသိုက်အမြုံများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/‌ ကျောင်းသူ (၁၇၇)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ဆက်လက်ထိုးနှံပေး
Jun 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ (၁၇၇)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက သတ်မှတ်ဆေးထိုးစုရပ်များ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မင်းကင်းမြို့တွင် မျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းနှင့် မျိုးစေ့ထုတ်နည်း ပညာပေးသင်တန်းဖွင့်ပွဲ ကျင်းပ
Jun 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ (ကိုယ်စား) စံပြကွက်၊ မျိုးစေ့ထုတ်ကွက်စိုက် တောင်သူများအတွက် မျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းနှင့် မျိုးစေ့ထုတ်နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်၉ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။