မင်းကင်းမြို့တွင် မျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းနှင့် မျိုးစေ့ထုတ်နည်း ပညာပေးသင်တန်းဖွင့်ပွဲ ကျင်းပ

မင်းကင်း ဇွန် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ (ကိုယ်စား) စံပြကွက်၊ မျိုးစေ့ထုတ်ကွက်စိုက် တောင်သူများအတွက် မျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းနှင့် မျိုးစေ့ထုတ်နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်၉ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးရန်နိုင်ထွန်းက အဖွင့်အမှာစကားပြောကြားရာ တွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ တောင်သူများ၏အကျိုးစီးပွား မြှင့်တင်ရေးကို ရှေ့ရှုသောအားဖြင့် နိုင်ငံတော်မှ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့များအခမဲ့ ထောက်ပံ့ပေးအပ်ခြင်းနှင့် နည်းပညာအသိပညာပေးသင်တန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း အကျယ်တဝင့်ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မို့မို့က မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်ဆောင်ပုဒ်နှင့်အညီ စံပြကွက်၊ မျိုးစေ့ထုတ်ကွက်တောင်သူများအား မျိုးစေ့၊ သွင်းအားစုများထောက်ပံ့ရခြင်း မျိုးစေ့ထုတ်ရခြင်း အကြောင်း ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများကိုထောက်ပံ့ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်အတွင်းရှိစိတ်ပါဝင်စားသည့် တောင်သူလယ်သမားများ စုစုပေါင်း( ၄၀) ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

လှငွေ (မင်းကင်းပြန်/ဆက်)