မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/‌ ကျောင်းသူ (၁၇၇)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ဆက်လက်ထိုးနှံပေး

မိုင်းယန်း ဇွန် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ (၁၇၇)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက သတ်မှတ်ဆေးထိုးစုရပ်များ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာန၊ ဒုဦးစီးမှူး ဦးခင်မောင်လတ်၊ မိုင်းလွေကျေးလက်ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်မေနှင်းဝေ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေး၊ ဒုပညာရေးမှူး ဦးကျော်စိန်လှိုင်နှင့် သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများက အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျစာရင်းသွင်းပြုစု၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဆေးထိုးပြီး ကျောင်းသား၊ ကျောင်းသူများကို သီးခြားနားနေခန်းတွင် နာရီဝက်အကြာနေပြီးမှ ပြန်လည်စေလွတ်ခဲ့ကြောင်း သိရသည်။    

ထွန်းထွန်းထူး