ကျောက်မဲမြို့၊ အလက(ခွဲ)၊ အမက(၅)ရှိအသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ကျောက်မဲ ဇွန် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ရှိ အသက် ၅ နှစ်မှ အသက် ၁၂ နှစ် ကျောင်းသားကျောင်းသူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကျောက်မဲမြို့ အလက(ခွဲ) အမက (၅)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူပေါင်း ၁၅၅၆၆ ဦး‌ရှိကြောင်း၊ ယနေ့အထိ ကျောင်းသားကျောင်သူ ၄၆၆၀ ဦးအား ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း၊  ကျန်ကျောင်းများရှိ ကျောင်းသားကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်ကော်မတီမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို  ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)